Susjdjdhfhffh
ပူပြင်းလှတဲ့ နေရောင်ခြည်အောက်နဲ့ ရှုပ်ထွေးလှတဲ့ မော်တော်ကားများကြား ဈေးလိုက်ရောင်းနေရတာ တကယ်ကို တော်တော်လေးကို ပင်ပန်းလှပါတယ်။ ဒါပေမယ့် Aílton Manuel da Silva ဆိုသူ လမ်းဘေးဈေးသည်တစ်ဦးကတော့ ဒီဒဏ်တွေကိုမမူပဲ အပြုံးမပျက် သူ့အလုပ်ကို အကောင်းဆုံးလုပ်နေနိုင်ပါတယ်။ ဒါ့အပြင် Aílton ကို လူအများက ကမ္ဘာပေါ်မှာ သားနားမှုအရှိဆုံး လမ်းဘေးဈေးသည်လို့ပါ သတ်မှတ်ထားကြပါတယ်။ ဒီအကြောင်းအရာများကို သစ်ထူးလွင် စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးသွားချင်ပါတယ်။ အသက် ၄၃နှစ်အရွှယ်ရှိ Aílton ဟာ ဘရာဇီးနိုင်ငံ Pernambuco ဒေသမှာ နေထိုင်သူဖြစ်ပါတယ်။ ယခင်က တွင်ခုံတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ရင်းနဲ့ ဇနီးသည်ရယ် ကလေးသုံးယောက်ရယ်ကို ရှာကျွေးနေရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့မှာ Aílton တစ်ယောက် တွင်ခုံကနေ အလုပ်ပြုတ်သွားခဲ့ပြီး အလုပ်လက်မဲ့ဘဝကို ရောက်ရှိသွားခဲ့ရပါတယ်။ ဒီအချိန်မှာ Aílton တို့မိသားစုအတွက် အတော်လေးကို အကျပ်ရိုက်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ Aílton ဟာ သူ့အိမ်နားက ကားလမ်းမကြီးပေါ်မှာ အအေးတွေနဲ့ မုန့်တွေကို လိုက်လံရောင်းချဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါပေမယ့် Aílton ရဲ့ လမ်းဘေးဈေးသည်ဘဝအစက ခက်ခဲကြမ်းတမ်...